Chat with us, powered by LiveChat

နောက်ခံသမိုင်းကြောင်း

မြိတ်တက္ကသိုလ်

 မြိတ်ကောလိပ်ကို ၁၉၉၉၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင်တည်ထောင်ခဲ့ပါသည်။ ၂၀၀၁ နိုဝင်ဘာ ၂၇ ရက်နေ့တွင်မြိတ်ဒီဂရီကောလိပ်သို့ တိုးမြှင့်ခဲ့ပြီး ၂၀၀၃ ခုနှစ်မေလ ၁၄ ရက်နေ့တွင်မြိတ်တက္ကသိုလ်ဖြစ်လာပါသည်။ မြိတ်တက္ကသိုလ်၏ အကျယ်အဝန်းမှာ ၈၅ ဧက ရှိပါသည်။ မြိတ်တက္ကသိုလ်သည်မြန်မာနိုင်ငံအောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၏ဗဟိုနှင့် ၅ ကီလိုမီတာအကွာတွင်တည်ရှိသည်။ မြိတ်မြို့တွင် သဘာဝအရင်းအမြစ်ပေါများပြီးကျွန်းပေါင်း ၈၁၀ ကျော်ရှိသည်။

တနင်္သာရီတိုင်‌ဒေသကြီးအတွင်းရှိ လူငယ်များ စရိတ် စက ကုန်ကျမှုသက်သာစွာဖြင့် အဆင့်မြင့်ပညာများ လေ့လာဆည်းပူးခွင့်ရရှိရေးကို ရည်ရွယ်၍ဖွင့်လှစ်ခဲ့ပါသည်။ မြိတ်တက္ကသိုလ်၏အကြီးအကဲအဖြစ် ပါမောက္ခချုပ် ဒေါက်တာနီနီဦးက တာဝန်ယူလျက်ရှိပါသည်။

တည်နေရာ ၊နယ်မြေအကျယ်အဝန်းနှင့်၊ဖွဲ့စည်းပုံအရ ခွင့်ပြုကျောင်းသားဦးရေ

တည်နေရာ

မြို့နယ်                                                             ကလွင်ရပ်ကွက်၊မြိတ်မြို့နယ်

တိုင်းဒေသကြီး/ ပြည်နယ်                                  တနင်္သာရီတိုင်းဒေသကြီး

အရှေ့လောင်ဂျီကျု                                            ၉၈ႚ ၃၇ ‘

မြောက်လတ္တီကျု                                               ၁၂ႚ ၂၈ ‘

အကျယ်အဝန်း                                                 ၈၅ဧက

ဖွဲ့စည်းပုံအရခွင့်ပြုသောကျောင်းသားဦးရေ        ၅၀၀၀