Chat with us, powered by LiveChat

ရည်မှန်းချက်

  • မြိတ်တက္ကသိုလ်၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
  • ဒေသမှ လိုအပ်သော အရည်အချင်းပြည့်ဝသည့် လူ့စွမ်းအား အရင်းအမြစ်များ ဖော်ထုတ်ရန်၊
  • ဘာသာရပ်ဆိုင်ရာ အသိပညာများကို ဖော်ဆောင်ပေးမည့် အခြေခံကျသော သုတေသနလုပ်ငန်းများ၊ ပုဂ္ဂလိလုပ်ငန်းများနှင့် အဖွဲ့အစည်းများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည့် အသုံးချသုတေသန လုပ်ငန်းများ၊ ဒေသ၏ စီးပွားရေးတိုးတက်ရေးအတွက် အဆင့်မြင့် သုတေသနများကို တိုးမြှင့်ဆောင်ရွက်ရန်၊
  • သဘာဝသယံဇာတများကို အသုံးပြု၍ ဒေသအဖွဲ့အစည်းလိုအပ်ချက်များကို ဖော်ဆောင်ပေးမည့် အစီအစဉ်များကို ဆောင်ရွက်ရန်၊
  • ကျောင်းသား၊ကျောင်းသူများနှင့် ဝန်ထမ်းများ၏ ရုပ်ပိုင်းဘဝနှင့် စိတ်ပိုင်းဘဝတိုးတက်မှုကို အထောက်အပံ့ဖြစ်စေသော ပညာရေး အဝန်းအပိုင်းတစ်ရပ် ပေါ်ပေါက်လာစေရန်၊
  • ပြည်ပပညာရှင်များနှင့် ပူးပေါင်း၍ ပိုမိုကောင်းမွန်သော ပညာရပ်နှင့် ပညာပတ်ဝန်းကျင်ကောင်းကို ဖော်ဆောင်ရန်၊