Vision | အရည်အသွေးပြည့်ဝ၍ ကိုယ်ကျင့်တရားကောင်းမွန်သော ဒေသတွင်း သယံဇာတများ ထုတ်ယူသုံးစွဲနိုင်စွမ်းနှင့် ထိန်းသိမ်းနိုင်စွမ်းရှိသော ဘွဲ့ရပညာ တတ်များ၊ သုတေသနပညာရှင်များ မွေးထုတ်ပေးခြင်းဖြင့် အဆင့်မြင့်ပညာရေး နယ်ပယ်တွင် မဏ္ဍိုင်တစ်ခု အဖြစ် ရပ်တည်နိုင်ရန်။ |
Mission | (၁) ဒေသလိုအပ်ချက်နှင့်ကိုက်ညီသည့် အရည်အချင်းပြည့်ဝသော လူ့စွမ်း အား အရင်းအမြစ်များ ဖော်ထုတ်ရန်၊ (၂) ဘာသာရပ်ဆိုင်ရာ အသိပညာများကို ဖော်ဆောင်ပေးမည့် အခြေခံကျ သော သုတေသန လုပ်ငန်းများ၊ ပုဂ္ဂလိကလုပ်ငန်းအဖွဲ့အစည်းများနှင့် ပူး ပေါင်းဆောင်ရွက်ရမည့် ဒေသလိုအပ်ချက်ကို အခြေခံသည့်အသုံးချ သုတေသနလုပ်ငန်းများ၊ ပြည်ပပညာရှင်များနှင့် ပူးပေါင်း၍ ဒေသ၏ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အဆင့်မြင့်သုတေသနများ ကို တိုးမြှင့် ဆောင်ရွက်ရန်၊ (၃) သဘာဝသယံဇာတအရင်းအမြစ်များကို ထိန်းသိမ်းအသုံးပြု၍ ဒေသလူ့ အဖွဲ့အစည်း လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည့်လုပ်ငန်းများ ဖော်ထုတ်ဆောင် ရွက်ရန်၊ (၄) ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာတိုးတက်မှုကို အထောက်အပံ့ဖြစ်စေသောပညာရေး အသိုင်းအဝိုင်း တစ်ရပ် ပေါ်ပေါက်လာစေရန်၊ (၅) ပြည်ပပညာရှင်များနှင့် ပူးပေါင်း၍ ပိုမိုကောင်းမွန်သော ပညာရပ်နှင့် ပညာပတ်ဝန်းကျင် ကောင်းကို ဖော်ဆောင်ရန်၊ (၆) ဒေသတွင်းသယံဇာတများ ထုတ်ယူသုံးစွဲနိုင်စွမ်းနှင့် ရေရှည်တည်တံ့ စေရန် ထိန်းသိမ်းနိုင်စွမ်းရှိသည့် သုတေသနပညာရှင်များပေါ်ထွက်စေရန် ပံ့ပိုးပေးသည့် အဆင့်မြင့် ပညာရေး မဏ္ဍိုင်ဖြစ်ရန်၊ |
Core Values | အဓိကတန်ဖိုးထားမှုများမှာဒေသတွင်းရှိ လူ့အဖွဲ့အစည်းများ၏ လိုအပ်ချက်များနှင့် လိုက်လျောညီထွေသော ပညာရေးနှင့် ပညာရှင်များမွေးထုတ် ပေးရန်။ |